taw lite tae`. KK bal lo frd myo pal fit fit .. frd ka frd par pal byar .. :)
On Sep 5, 9:54 am, kyukyu <[EMAIL PROTECTED]> wrote: > သူငယ်ချင်း > သူငယ်ချင်းတစ်ချို့ကို မထင်မှတ်တဲ့ နေရာမှာ မထင်မှတ် ဘဲ ကောက်တွေ့ခဲ့ > ကြတယ်။ သူငယ်ချင်းရဲ့ သူငယ်ချင်း အချို့ဟာ မထင်မှတ်ဘဲ ကိုယ့်သူငယ်ချင်း > တွေ ဖြစ်လာခဲ့ တယ်။ လူချင်းမမြင်ဖူးဘဲ ဖုန်းနဲ့ အင်တာနက်နဲ့ ဆက်သွယ်တဲ့ > သူငယ်ချင်းတွေလည်း ရှိတယ်။ လူချင်း မြင်ဖူးပြီး အရမ်းကောင်းတဲ့ > သူငယ်ချင်း တွေ ဖြစ်ခဲ့ကြတာလဲ ရှိတယ်။ အိမ်မှား ၀င်ပြီး ခင်ခဲ့ကြတဲ့ > သူငယ်ချင်းတွေ ရှိသလို မတော်တဆ တိုက်မိပြီး ခင်ခဲ့ ကြတဲ့ > သူငယ်ချင်းတွေလည်း ရှိတယ်။ > > ငယ်ငယ်တုန်းက၊ ကျောင်းတုန်းက အတူသွား၊ အတူစားခဲ့တဲ့ သူငယ်ချင်းတွေက > ကျောင်းပြီးတော့ ရေကြည်ရာ မြက်နုရာကို ရှာကြရင်း တကွဲတပြားစီဖြစ်ပြီး > အဆက်အသွယ်က နည်းသထက် နည်းလာခဲ့တယ်။ > > သူငယ်ချင်းတွေမှာ အသက် အပိုင်းအခြား မရှိဘူး။ ကိုယ့်နဲ့ > ရွယ်တူလည်းရှိတယ်။ ကိုယ့်ထက်ကြီးတဲ့ ငယ်တဲ့ လူလည်း ရှိတယ်။ ကြီးတဲ့ > သူငယ်ချင်းတွေကနေ ကိုယ့်မှာ မရှိသေးတဲ့ အတွေ့အကြုံကို ယူတယ်။ ငယ်တဲ့ > သူငယ်ချင်းတွေဆီကနေ ကိုယ့်မှာရှိခဲ့ဖူးတဲ့ အပြစ်ကင်းတဲ့ ရိုးသားမှုတွေကို > ပြန်ရှာတယ်။ သူငယ်ချင်းတွေမှာ အသက်အရွယ်၊ ဆင်းရဲချမ်းသာ မခွဲခြားဘူး။ > သူငယ်ချင်းတွေဟာ နွေ၊ မိုး၊ ဆောင်း ပြောင်းနေတဲ့ ရာသီတွေနဲ့ တူတယ်။ > > တချို့က ပူပြင်းတဲ့ နွေနဲ့တူတယ်။ တချို့က နွေရဲ့ အပူဒဏ်ကို လျော့ပေးတဲ့ > မိုးနဲ့တူတယ်။ တချို့က အေးမြတဲ့ ဆောင်းနဲ့တူတယ်။ မတူညီတဲ့ ရာသီရဲ့ > အလှပတွေကို ခံစားရင်း ကိုယ့်ဘ၀ကို ဖြတ်သန်းခဲ့တယ်။ သူတို့နဲ့ ကိုယ်ဘယ်လို > စသိ စခင်ခဲ့တယ်ဆိုတာ မမှတ်မိတော့ပေမယ့် ၀မ်းနည်းစရာ၊ ၀မ်းသာစရာတွေနဲ့ > ကြုံတိုင်း သူတို့ကို ကိုယ်ရင်ဖွင့်ချင်ခဲ့တယ်။ ထူးဆန်းတာတွေကို > မြင်တိုင်း သူတို့နဲ့ ကိုယ်မျှဝေချင်ခဲ့တယ်။ > > ကွန်ပြူတာရဲ့ ဟိုတစ်ဖက်မှာ ထိုင်ပြီး ကိုယ်မျှဝေတဲ့ အရာတွေကို > သူတို့ကြည့်ပြီး ပျော်နေမလား.... မေးလ်ဘောက်စ် ပြည့်သွားတာ > ကိုယ့်စာကြောင့်လို့ စိတ်ပျက်ပျက်နဲ့ ငြီးငြူနေမလား... ဘာတွေ > လျောက်ရေးထားလဲ မသိဘူးဆိုပြီး မဲ့နေမလား.... > > သတိရကြောင်း၊ လွမ်းကြောင်းဆိုတဲ့ ခံစားချက်တွေကို ထုတ်ဖော် > မပြောပြတတ်လို့ အေးစက်တဲ့ ကွန်ပြူတာ က တဆင့် ဒီကမ္ဘာရဲ့ ထောင့်တစ်နေရာကနေ > သူငယ်ချင်းတွေ ကျန်းမာပျော်ရွှင်ဖို့ နွေးထွေးတဲ့ ကိုယ့်မေတ္တာနဲ့ တောင်းဆု > ပြုလိုက်ပါတယ်။ > > ကျန်းမာပျော်ရွှင်ပါစေ သူငယ်ချင်း --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Wonderful_light" group. To post to this group, send email to [email protected] To unsubscribe from this group, send email to [EMAIL PROTECTED] For more options, visit this group at http://groups.google.com/group/inurmind?hl=en -~----------~----~----~----~------~----~------~--~---
