တစ်ခါက မဆုံဖြစ်တာ ကြာပြီဖြစ်သော ကျောင်းတုန်းက သူငယ်ချင်းများ စုပြီး
ဆရာအား ကျွန်တော်တို့ သွားရောက် ကန်တော့ခဲ့ကြသည်။ ဆရာမှာ
တပည့်ဟောင်းများကိုတွေ့သော် အလွန်ဝမ်းသာနေသည်။ ရှေးဟောင်းနှောင်းဖြစ်များ
ပြောကြပြီး ဆရာက ကျွန်တော်တို့၏ ယခုလက်ရှိ စီးပွားရေး၊ လူမှုရေးများ
အဆင်ပြေ မပြေ၊ အားရ ကျေနပ်မှု ရှိမရှိ မေးမြန်းခဲ့သည်။ လူအများက လုပ်ကိုင်
စားသောက်ရတာ အဆင်မပြေကြောင်း၊ အလုပ် ဖိအားများကြောင်း၊ စီးပွားရေး မှာလဲ
အရှုံးများကြောင်း..... စသည် စသည်များကို ခေတ်၏ အစွန့်အပစ်ကို
ခံထားရသူများပမာ ဆရာ့အား တစ်ယောက်တပေါက် ရင်ဖွင့်ကြသည်။

ဆရာမှာ နှုတ်ဆိတ်၍ ပြုံးလျှက်သာနေသည်။ ထိုနောက် မီးဖိုထဲသို့ ၀င်ပြီး
ရေနွေးကြမ်းနှင့် ဖန်ခွက်များကို ယူလာသည်။ ဖန်ခွက်များမှာ ဖန်ထည်၊
ကြွေထည်၊ ပလပ်စတစ်များ ပြုလုပ်ထားပြီး ပုံသဏ္ဍာန်မှာလည်း မျိုးစုံလှသည်။
အချို့ဖန်ခွက်မှာ ပုံသဏ္ဍာန်ဆန်းဆန်းနှင့် ဈေးကြီးမည့်ပုံရသည်။ အချို့မှာ
ရိုးရှင်းပြီးသာမန်မျှသာ ဖြစ်သည်။

ဆရာက "ဆရာ့တပည့်ဟောင်းတွေဆိုတော့ ဧည့်သည်လို သဘောမထားတော့ဘူး။ ကဲ....
ရေနွေးကြမ်းကို ကြိုက်တဲ့ဖန်ခွက်ထဲ ကိုယ်တိုင် ထည့်ပြီး သုံးဆောင်ကြတော့"
ဟူပြောသည်နှင့် ရှေးဟောင်းနှောင်းဖြစ်များ ပြောပြီး အာခြောက်နေပြီဖြစ်သော
ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် ဖန်ခွက်ကိုယ်စီယူပြီး
ရေနွေးသောက်ကြသည်။

ကျွန်တော်တို့ ရေနွေးစသောက်သည်နှင့် ဆရာက စကားဆက်လေသည်။ "တပည့်တို့
သတိထားမိကြလား.. အခု တပည့်တို့ ကိုင်ထားတဲ့ဖန်ခွက်ဟာ ဒီဖန်ခွက်တွေထဲက
အကောင်းဆုံးကိုမှ ရွေးယူထားတဲ့ ခွက်တွေဖြစ်တယ်။ ဟောဒီ ပလပ်စတစ်
ဖန်ခွက်ကျတော့ ရွေးမဲ့လူ မရှိဘူး။ ဒါဟာ မထူးဆန်းဘူးလို့ တပည့်တို့
ထင်ကြမယ်။ဘယ်သူမဆို ကိုယ်ကိုင်ထားတဲ့ ဖန်ခွက်ကို အကောင်းဆုံးလို့
မျော်လင့်ကြမှာပဲ.... ဒါတွေဟာ တပည့်တို့ ရင်ဖွင့်ခဲ့ကြတဲ့
ဦးနှောက်ခြောက်မှုတွေရဲ့ အရင်းအမြစ်တွေပဲ"

လူတိုင်းက ဖန်ခွက်ကို လိုသည်မဟုတ် ရေကို လိုခြင်းဖြစ်သည်။ သို့သော်
ကျွန်တော်တို့သည် မရည်ရွယ်ဘဲ လှပသော ဖန်ခွက်ကိုသာ ရွေးယူလိုခဲ့ကြသည်။
အကယ်၍ ဤအရာကို ဘ၀နှင့် နိုင်းယှဉ်ကြည့်သော် ဘ၀သည် ရေဖြစ်လျှင် အလုပ်၊
ရာထူး၊ ငွေကြေး စသောအရာများသည် ဖန်ခွက်ဖြစ်မည်။ ထိုအရာများသည်
ကျွန်တော်တို့၏ ဘ၀(ရေ)ကို ဖြည့်ပေးသော အသုံးအဆောင်များ ပင်ဖြစ်သည်။
ဖန်ခွက်၏ အကောင်းအဆိုးသည် ရေ၏ အရည်အသွေးကို မထိခိုက်နိုင်ပေ။ အကယ်၍
ဖန်ခွက်၏ အဆိုးအကောင်းကိုသာ ရွေးချယ်နေပါမှု ရေ၏ ချိုမြိန်ခြင်း အရသာကို
ကျွန်တော်တို့ ခံစားမိကြတော့မည် မဟုတ်ပေ။

အတွေးသစ်တွေ ကျန်ခဲ့ပြီး နှစ်သက်မယ်လို့ ထင်ပါတယ်။

--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups 
"Wonderful_light" group.
To post to this group, send email to [email protected]
To unsubscribe from this group, send email to [EMAIL PROTECTED]
For more options, visit this group at 
http://groups.google.com/group/inurmind?hl=en
-~----------~----~----~----~------~----~------~--~---

Reply via email to