* င့ါတိုင်းပြည်လေးမှာ<http://soethawn.blogspot.com/2008/08/blog-post_16.html>
ပြန်လာခဲ့ပါ အချစ်ရယ် ငါ့တိုင်းပြည်လေးမှာ အဂတိ လိုက်စား ၊ မသမာမှုတွေ ရှိနေပေမယ့် ငါတို့ လူမျိုးတွေက ရိုးသားဖော်ရွေတက်ပါတယ် ပြန်လာခဲ့ပါ အချစ်ရယ် ငါ့တိုင်းပြည်လေးမှာ ရေမီးစုံအောင် ၂၄ နာရီ မလာပေမယ့် လမ်းဘေးက ရေအိုးစင်တွေမှာ ရေအပြည့်ရှိနေတက်ပါတယ် ။ ပြန်လာခဲ့ပါ အချစ်ရယ် ငါ့တိုင်းပြည်လေးမှာ မော်ကြွား စော်ကားမှုတွေ ရှိနေပေမယ့် ငါ့တို့ လူမျိုးတွေက ရိုကျိုးနှိမ်ချ ဆက်ဆံတက်ကြပါတယ် ပြန်လာခဲ့ပါ အချစ်ရယ် ငါ့တိုင်းပြည်လေးမှာ ငတ်ပြတ်လို့ စုတ်ပြတ်နေပေမယ့် ငါတို့လူမျိုးတွေက အလှူရေစက် လက်နဲ့ မကွာ ရှိတက်ကြပါတယ် မင်းပြောပြတက်တဲ့ နိင်ငံကြီး အကြောင်းကို ငါ မက်မောပါတယ် ရေမီးထိန်လင်းစွာနဲ့ လှပနေတက်တဲ့ ဥယျာဉ်ကြီးတွေ မိုးပြာရောင် နောက်ခံအောက်က အဆောက်အဦးကြီးတွေ ကလေးက အစ " ဟလို " ဆိုတဲ့ အကြောင်းတွေ မင်းပြောပြတိုင်း ငါမက်မောပါတယ် ဒါပေမယ့်.....အချစ်ရယ် ငါ့ကို ချစ်ရင် ငါ့တိုင်းပြည်လေးကို ပြန်လာခဲ့ပါနော် ၀င်းလက်ပြိုးပြက်နေတဲ့ မှန်ခန်းထဲက ကာပူချီနိ ထက် အမိုးအကာမဲ့ သစ်ပင်အောက်လက်ဖက်ရည်ဆိုင်က အကြမ်းရေ ကို ငါပိုမက်မောတယ် မက်ဒေါနယ်နဲ့ ကိုကာကိုလာကို မင်းသောက်နေချိန်မှာ ဘူးသီးကြော်နဲ့ ဆလက်ရွက်ကို ငါသဘောကျတယ် အသားညှပ်ပေါင်မုန့်ထက် ငါးပိရည်နဲ့ ထမင်း လူးစားရတာကို ငါကျေနပ်တယ် ချဉ်ပေါင်နဲ့ ၀က်သား မလဲနိင်သလို ဘာဘီကျူးကိုလည်း ပုန်းရည်ကြီးနဲ့ ငါမလဲ နိင်ခဲ့ပါဘူး ဒါပါပဲ......ချစ်ရယ် နောက်ဆုံး ပတ်ဗလိုနီရူဒါ ပြောသလို ငါကလည်း " ငါ့တိုင်းပြည်က သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ် " * -- ☻☺ ZiP ☺☻ ►►> ZiPpY GiPsY <◄◄ ♠♥♦♣ [EMAIL PROTECTED] ♣♦♥♠ --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Wonderful_light" group. To post to this group, send email to [email protected] To unsubscribe from this group, send email to [EMAIL PROTECTED] For more options, visit this group at http://groups.google.com/group/inurmind?hl=en -~----------~----~----~----~------~----~------~--~---
