*SBTV ထင်တာဗျူးအစီအစဉ်*
ဒီတစ်ခါ *SBTV ထင်တာဗျူးအစီအစဉ်*ကနေ သွားရောက်တွေ့ဆုံပြီး
ထင်တာဗျူးဖြစ်ခဲ့သူကတော့ [EMAIL PROTECTED] အင်တာနက်ဆိုင်ပိုင်ရှင် ကိုဆိုးလ်ကေလာ*
ပဲဖြစ်ပါတယ်။
*SBTV - ကိုဆိုးလ်ကေလာရဲ့ ဆိုင်နာမည်ပေးထားပုံလေးကနေစပြေကြရအောင်လား။
ဆိုင်နာမည်လေးက ဆန်းတယ်နော်။ ဘာကြောင့်များ ဒီနာမည်ကိုပေးဖြစ်ခဲ့တာပါလိမ့်။ *
*ဆိုးလ် - ကျနော့်ဆိုင်နာမည်က တစ်လုံးချင်းကို အဓိပ္ပါယ်ရှိပါတယ်ခင်ည။ ပြီးတော့
အမှန်အတိုင်းလည်း ကြေငြာ ထားတာဖြစ်ပါတယ်။ 2 ဆိုတာက နှစ်ခုစလုံးတဲ့။ [EMAIL
PROTECTED] ကတော့
ဆိုးတာပါ။ slow ကတော့ နှေးကွေးတာဖြစ်ပါ တယ်။ ဒါကြောင့် သုံးလုံးပေါင်းရင်
ဆိုးရွားသောစက်များနှင့် နှေးကွေးသောကော်နက်ရှင် နှစ်ခုစလုံးပြည့်စုံသော ဆိုင်
ဖြစ်ပါတယ်လို့ ဆိုလိုတာပါ ဟဲ ဟဲ။ *
*SBTV - အစ်ကို့ဆိုင်ရဲ့ Customer Service အတွက်ရော ဘယ်လိုစီစဉ်ပေးထားပါသလဲ။ *
*ဆိုးလ် - ကျနော်က အရမ်းကိုအကွဲမြင်.. အဲလေ.. အကွက်မြင်ပါတယ်ခင်ည။
သူများတကာဆိုင်တွေလို user တွေ ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ Air Con
ဖွင့်မထားပါဘူး။ အေးတာမကြိုက်တဲ့သူတွေ ဒီအတိုင်းထိုင်လို့ရ ပါတယ်။
အေးတာကြိုက်တဲ့သူတွေအတွက်တော့ ယပ်တောင်တစ်ချောင်းစီပေးထားပါတယ်ခင်ည။ ပြီးတော့
user တွေ ခြင်မကိုက်အောင်လည်း နောက်ကနေအချိန်ပြည့် မှိုင်းတိုက်ပေးထားပါတယ်ခင်ည။
*
*SBTV - အခု အစ်ကို့ဆိုင်တစ်နှစ်ပြည့်အနေနဲ့ ဒေ၀ါလီခံဖို့.. အဲလေ…
အထူးပရိုမိုးရှင်းလုပ်ပေးထားတယ်လို့ သိရ ပါတယ်။ ဘယ်လိုများပါလဲ။ *
* *
*ဆိုးလ် - ဟုတ်ကဲ့ ဆိုင်မှာသုံးတဲ့ user တိုင်းကို တစ်နာရီသုံးရင်
ဗိုင်းရပ်စ်ငါးကောင်နှုန်း လက်ဆောင်ပေးပါတယ်။ နောက်ပြီး တစ်နာရီသုံးတာနဲ့
နောက်ထပ်နှစ်နာရီတိတိ လက်ဆောင်ထပ်ပေးပါတယ်။ ဒီတော့ တစ်ခါလာရင်
နောက်ဆုံးပေါ်ဗိုင်းရပ်စ် ဆယ့်ငါးကောင်သယ်ပြီး အိမ်ပြန်သွားလို့ရအောင်
စီစဉ်ပေးထားပါတယ်။ *
*SBTV - တစ်နာရီသုံးရင် နောက်ထပ်နှစ်နာရီလက်ဆောင်ပေးတယ်ဆိုတော့
တော်တော်တန်တာပဲနော်။ ဘာဖြစ် လို့များပါလိမ့်။ *
*ဆိုးလ် - ဟီး ဟီး ဒါကဒီလိုပါ။ ကျနော့်ဆိုင်ရဲ့ 'Error သာလာပါ။ Connection
ခေါ်မလာပါနဲ့´ဆိုတဲ့မူအရ အသုံး ပြုချိန် တစ်နာရီနဲ့ ဆယ့်ငါးမိနစ်နေမှ
ကော်နက်ရှင်စတက်ပါတယ်။ တစ်နာရီနဲ့ လေးဆယ့်ငါးမိနစ်ကြာမှ GTalk လေး စတက်လာပါတယ်။
အဲ… Gmail, Gtalk နဲ့ တခြား Website အားလုံး တပြိုင်တည်းသုံးလို့ရတဲ့အချိန်မှာ
နှစ်နာရီနဲ့ မိနစ်ငါးဆယ်ဖြစ်နေပါပြီ။ သုံးနာရီပြည့်တဲ့အချိန်မှာတော့ ကွန်ပျူတာက
Window ပါ ကျသွားပါတော့ တယ်။ ဒါကြောင့် ဒီလိုလေး စီစဉ်ပေးထားရတာဖြစ်ပါတယ်။ *
*SBTV - ဟုတ်ကဲ့ အစ်ကို့ဆိုင်က ဒီလောက်တောင် ဆားဗစ်ပေးထားတာဆိုတော့
ဝင်ငွေအရမ်းကောင်းမှာပေါ့ နော်။ တစ်နေ့ကို ၀င်ငွေဘယ်လောက်လောက်ရှိပါသလဲ။*
*ဆိုးလ် - အင်း… တစ်နေ့ကို ထောင့်ငါးရာ နှစ်ထောင်တော့ ခပ်မာမာဝင်ပါတယ် ဟဲဟဲ*
*SBTV - ဟင်…. ဘယ်လိုဖြစ်လို့လဲဟင်…*
*ဆိုးလ် - ဟုတ်ကဲ့ ရှင်းပြပါမယ်… ဟိုဘက်ခြမ်းက စက်အလုံးသုံးဆယ်က …..*
*SBTV - အော်… အသစ်ဝယ်ထားတယ်လား…*
*ဆိုးလ် - ဟုတ်ဘူးဗျ… ပျက်နေလို့ ဒီအတိုင်းထားထားတာ.. အဲ.. ဒီဘက်ခြမ်းက
ဆယ့်ငါးလုံးကကျတော့ Ctrl ရယ် Alt ရယ် Delete ရယ်ပဲ နှိပ်လို့ရတယ်ခင်ည။ ဟီးးး
အဲ.. ဒီမှာကျန်တဲ့နှစ်လုံးထဲက တစ်လုံးကတော့ Network ကြိုး ကြွက်ကိုက်ထားလို့
သုံးမရပါဘူး။ ဒီတော့ တစ်ဆိုင်လုံးမှာ Server တစ်လုံးနဲ့ User တစ်လုံး
ပေါင်းနှစ်လုံးတိတိပဲ သုံးလို့ရပါတယ် ဟဲဟဲ။ *
*SBTV - ခုလို စိတ်ညစ်စရာကောင်းလောက်အောင် ဖြေကြားပေးသွားတဲ့ ကိုဆိုးလ်ကေလာကို
ကျေးဇူးအထူးတင် ပါတယ်။ အစ်ကို့ရဲ့ဆိုင်လည်း ဒီထက် ဒီထက်ပိုပြီး
အောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှန်။*
*SBTV ကြော်ငြာအစီအစဉ်*
*အညောင်းကောင်းကောင်းပြေဖို့ ၃ section အချိန်ယူရပါတယ်*
* ချက်ခြင်းပြန်မထပါနဲ့…*
* ဇိမ်ခံပြီးမှိန်းနေပါ။*
*(ကြော်ငြာအမျိုးအစား - လုလင်နှင့်အပေါင်းအပါများ မာဆက်)*
--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups
"Wonderful_light" group.
To post to this group, send email to [email protected]
To unsubscribe from this group, send email to [EMAIL PROTECTED]
For more options, visit this group at
http://groups.google.com/group/inurmind?hl=en
-~----------~----~----~----~------~----~------~--~---