kg tae sein sein yay !

On Sep 27, 9:43 pm, "[EMAIL PROTECTED]"
<[EMAIL PROTECTED]> wrote:
> သူငယ်ချင်း
>
>
>
>
>
> > သူငယ်ချင်းတစ်ချို့ကို မထင်မှတ်တဲ့ နေရာမှာ မထင်မှတ် ဘဲ ကောက်တွေ့ခဲ့ ကြတယ်။
> > သူငယ်ချင်းရဲ့ သူငယ်ချင်း အချို့ဟာ မထင်မှတ်ဘဲ ကိုယ့်သူငယ်ချင်း တွေ ဖြစ်လာခဲ့
> > တယ်။ လူချင်းမမြင်ဖူးဘဲ ဖုန်းနဲ့ အင်တာနက်နဲ့ ဆက်သွယ်တဲ့ သူငယ်ချင်းတွေလည်း
> > ရှိတယ်။ လူချင်း မြင်ဖူးပြီး အရမ်းကောင်းတဲ့ သူငယ်ချင်း တွေ ဖြစ်ခဲ့ကြတာလဲ
> > ရှိတယ်။ အိမ်မှား ၀င်ပြီး ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ရှိသလို မတော်တဆ
> > တိုက်မိပြီး ခင်ခဲ့ ကြတဲ့ သူငယ်ချင်းတွေလည်း ရှိတယ်။
>
> > ငယ်ငယ်တုန်းက၊ ကျောင်းတုန်းက အတူသွား၊ အတူစားခဲ့တဲ့ သူငယ်ချင်းတွေက
> > ကျောင်းပြီးတော့ ရေကြည်ရာ မြက်နုရာကို ရှာကြရင်း တကွဲတပြားစီဖြစ်ပြီး
> > အဆက်အသွယ်က နည်းသထက် နည်းလာခဲ့တယ်။
>
> > သူငယ်ချင်းတွေမှာ အသက် အပိုင်းအခြား မရှိဘူး။ ကိုယ့်နဲ့ ရွယ်တူလည်းရှိတယ်။
> > ကိုယ့်ထက်ကြီးတဲ့ ငယ်တဲ့ လူလည်း ရှိတယ်။ ကြီးတဲ့ သူငယ်ချင်းတွေကနေ ကိုယ့်မှာ
> > မရှိသေးတဲ့ အတွေ့အကြုံကို ယူတယ်။ ငယ်တဲ့ သူငယ်ချင်းတွေဆီကနေ
> > ကိုယ့်မှာရှိခဲ့ဖူးတဲ့ အပြစ်ကင်းတဲ့ ရိုးသားမှုတွေကို ပြန်ရှာတယ်။
> > သူငယ်ချင်းတွေမှာ အသက်အရွယ်၊ ဆင်းရဲချမ်းသာ မခွဲခြားဘူး။ သူငယ်ချင်းတွေဟာ နွေ၊
> > မိုး၊ ဆောင်း ပြောင်းနေတဲ့ ရာသီတွေနဲ့ တူတယ်။
>
> > တချို့က ပူပြင်းတဲ့ နွေနဲ့တူတယ်။ တချို့က နွေရဲ့ အပူဒဏ်ကို လျော့ပေးတဲ့
> > မိုးနဲ့တူတယ်။ တချို့က အေးမြတဲ့ ဆောင်းနဲ့တူတယ်။ မတူညီတဲ့ ရာသီရဲ့ အလှပတွေကို
> > ခံစားရင်း ကိုယ့်ဘ၀ကို ဖြတ်သန်းခဲ့တယ်။ သူတို့နဲ့ ကိုယ်ဘယ်လို စသိ
> > စခင်ခဲ့တယ်ဆိုတာ မမှတ်မိတော့ပေမယ့် ၀မ်းနည်းစရာ၊ ၀မ်းသာစရာတွေနဲ့ ကြုံတိုင်း
> > သူတို့ကို ကိုယ်ရင်ဖွင့်ချင်ခဲ့တယ်။ ထူးဆန်းတာတွေကို မြင်တိုင်း သူတို့နဲ့
> > ကိုယ်မျှဝေချင်ခဲ့တယ်။
>
> > ကွန်ပြူတာရဲ့ ဟိုတစ်ဖက်မှာ ထိုင်ပြီး ကိုယ်မျှဝေတဲ့ အရာတွေကို သူတို့ကြည့်ပြီး
> > ပျော်နေမလား.... မေးလ်ဘောက်စ် ပြည့်သွားတာ ကိုယ့်စာကြောင့်လို့ စိတ်ပျက်ပျက်နဲ့
> > ငြီးငြူနေမလား... ဘာတွေ လျောက်ရေးထားလဲ မသိဘူးဆိုပြီး မဲ့နေမလား....
>
> > သတိရကြောင်း၊ လွမ်းကြောင်းဆိုတဲ့ ခံစားချက်တွေကို ထုတ်ဖော် မပြောပြတတ်လို့
> > အေးစက်တဲ့ ကွန်ပြူတာ က တဆင့် ဒီကမ္ဘာရဲ့ ထောင့်တစ်နေရာကနေ သူငယ်ချင်းတွေ
> > ကျန်းမာပျော်ရွှင်ဖို့ နွေးထွေးတဲ့ ကိုယ့်မေတ္တာနဲ့ တောင်းဆု ပြုလိုက်ပါတယ်။
>
> > ကျန်းမာပျော်ရွှင်ပါစေ သူငယ်ချင်း- Hide quoted text -
>
> - Show quoted text -
--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups 
"Wonderful_light" group.
To post to this group, send email to [email protected]
To unsubscribe from this group, send email to [EMAIL PROTECTED]
For more options, visit this group at 
http://groups.google.com/group/inurmind?hl=en
-~----------~----~----~----~------~----~------~--~---

Reply via email to