ကျွန်မမှာ အရပ် ၁၈၀ စင်တီမီတာမြင့်တဲ့ ချစ်သူတစ်ယောက်ရှိတယ်။ ရုပ်ရည်က ကျွန်မကြိုက်တဲ့ ဂျပန်မင်းသား Kimura Takuya နဲ့ တပုံစံတည်း၊ ဂျင်းဘောင်းဘီကြိုက်သူ၊ ကော်ဖီကြိုက်သူ ဘယ်လိုကြည့်ကြည့် မိုက်နေတာပဲ။ ကျွန်မတို့က ကိုယ့်လွတ်လပ်မှုနဲ့ ကိုယ်နေပြီး တစ်ပတ်မှာ တစ်ခါ၊ နှစ်ခါပဲတွေ့ကြတယ်။ ကျွန်မတို့ နှစ်ဦးစလုံး ရည်မှန်းချက် ကိုယ်စီနဲ့ အလုပ်ကြိုးစားကြတယ်။ "As Good as It Gets" ရုပ်ရှင်ထဲက မင်းသား Jack Nicholson က မင်းသမီး Helen Hunt ကို ချီးကျူးသလိုပေါ့။ "မင်းကြောင့် ငါလူကောင်းတစ်ယောက် ပိုဖြစ်ချင်ခဲ့တယ်" ဆိုတဲ့အတိုင်း ကျွန်မတို့ တစ်ဦးအပေါ်တစ်ဦး နားလည်ခဲ့ကြတယ်။ လူကောင်းတွေ ပိုဖြစ်ချင်ခဲ့ကြတယ်။ <http://bp2.blogger.com/_yUGLDbxWFlY/Rkc2Kuk3w2I/AAAAAAAABB4/mPyPWUKGm2A/s1600-h/love1.jpg>ဖုန်းထဲက ကျွန်မရဲ့ "ဟလို.." ဆိုတဲ့အသံကို ကြားရုံနဲ့ ကျွန်မ စိတ်ညစ်နေမှန်း သူသိတယ်။ နားလည်ပေးမှုဆိုတာ ဘာလဲ ဆိုတာကို ကျွန်မ စသဘောပေါက်လာတယ်။
တွေ့ဆုံတိုင်း ကျွန်မရဲ့ခေါင်းကို ပွတ်သပ်ပြီး "ဟန်နီ... ဒီတစ်ပတ် လိမ္မာရဲ့လား" ဆိုတဲ့ သူ့အမေးကြောင်း အချစ်ခံရတယ်ဆိုတာ ဘာလဲ ဆိုတာကို ကျွန်မ စသဘောပေါက်လာတယ်။ ဟတ်ချိုးချေတိုင်း ပါးစပ်မပိတ်တတ်တဲ့ ကျွန်မကို "ကိုယ်တို့က လင်မယားအတိုင်းပဲ ပုံစံတူတယ်" လို့ ရီပြီးပြောတတ်တဲ့ သူ့ကြောင့် လွတ်လပ်မှုဆိုတာ ဘာလဲဆိုတာကို ကျွန်မ စသဘောပေါက်လာတယ်။ "ကိုယ်လုပ်လိုက်မယ်" ဆိုတဲ့ သူ့ရဲ့ ဦးဆောင်ချင်မှုကြောင့် ဘယ်လိုဆုံးဖြတ်ချက် ချရင်ကောင်းမလဲ ဆိုတဲ့ ဦးနှောက်စားတဲ့ ကိစ္စတွေကို ကျွန်မတွေးတောစရာ မလိုတော့ဘူး။ "ဆောရီးနော်" ဆိုပြီး သူ့အပြစ်တွေအတွက် ပွေ့ဖက်လာတတ်တဲ့ သူ့ကြောင့် ကျွန်မဆိုးချင်တိုင်း ဆိုးခွင့်ရခဲ့တယ်။ ညအိပ်ရာမ၀င်ခင် ဖုန်းဆက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ဖို့ နှုတ်ဆက်တတ်တဲ့ သူ့ကြောင့် ညအမှောင် ရောက်လာမှာကို ကျွန်မ မကြောက်တော့ဘူး။ "မကြောက်နဲ့.. ဟန်နီ့အနားမှာ ကိုယ်အမြဲရှိတယ်" ဆိုတဲ့ သူ့ရဲ့ အားပေးစကားကြောင့် ဘ၀ကိုရင်ဆိုင်ဖို့ ကျွန်မ ယုံကြည်မှုတွေ ပိုခဲ့တယ်။ ပြီးတော့ ကျွန်မနဲ့အတူ ရှော့ပင်းထွက်တိုင်း မောတယ်၊ ပန်းတယ်လို့ ဘယ်တော့မှ မညည်းဘူး။ အင်္ကျီတွေယူပြီး ဘယ်တစ်ထည်လှသလဲလို့ မေးလိုက်တိုင်း ကျွန်မကို သေချာကြည့်ပြီး "ဟန်နီ ဘာဝတ်ဝတ် လှတယ်" တဲ့လေ။ ဆူညံနေတဲ့ ကော်ဖီဆိုင်မှာ ကျွန်မနဲ့အတူထိုင်ပြီး အိုင်စတိုင်းအကြောင်း ပြောတတ်သလို စည်းကမ်းကြီးတဲ့ ကျွန်မမေမေကို သူ့စိတ်ထဲက ကြောက်နေပေမဲ့ မေမေနဲ့အတူ စကားတွေ ပြောတတ်တယ်။ ကျွန်မ ဘေးမှာ သူ မရှိတဲ့အချိန် ကျွန်မကိုယ်ကျွန်မ ရပ်တည်နိုင်တယ်ဆိုတာ သူသိတယ်။ ၂၄ နာရီရဲ့ စက္ကန့်တိုင်းမှာ သူ့ကို ကျွန်မ လွမ်းနေတယ်ဆိုတာ သူသိတယ်။ ကျွန်မရဲ့ အချစ်ကို သူတန်ဖိုးထားသလို ကျွန်မရဲ့ အားနည်းချက်တွေကို သူချစ်သတဲ့။ သူ့ရဲ့ အကြင်နာ၊ အယုယတွေက ကျွန်မအတွက်ပဲလေ.... အော်..... ပြောဖို့ မေ့နေလိုက်တာ ကျွန်မရဲ့ ချစ်သူနာမည်က "စိတ်ကူး" တဲ့။ ၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ ဒီစာကို ဖတ်နေရင်း စာထဲက ကောင်မလေးကို အားကျမိတယ်။ စာကို ပြုံးရင်းဖတ်မိသလို ဖတ်နေရင်းလဲ ကြည်နူးမိတယ်။ ဒါပေမဲ့ အောက်ဆုံးစာကြောင်းကိုလဲ ဖတ်မိရော့... "အင်း.. ဒီလိုပဲဖြစ်ရမယ်" ဒါမှမဟုတ် "ဟင်း.. အဲဒီလိုကြီးလား" လို့ ခံစားမိပြီး ဖတ်လေသမျှ သဲရေကျမိမလား...? ဒီစာကို မိန်းကလေးဖက်က မဟုတ်ဘဲ ယောက်ျားလေးဖက်ကနေ ခံစားရေးဖွဲ့ပြီး အဆုံးသတ် စကားလုံးချင်း တူညီခဲ့ရင် "အင်း.. ဒီလိုပဲ ဖြစ်ရမယ်" လို့ တွေးမိကြမလား? လူတိုင်းရဲ့ စိတ်ကူးထဲက ချစ်သူက ခြောက်ပစ်ကင်းတွေပါ။ ကိုယ့်အပေါ် နားလည်စာနာပေးသူ၊ သနားကြင်နာတတ်သူ၊ မလိမ်မညာ ကိုယ်ချင်းစာတတ်တဲ့ ချစ်သူကို အပြင်မှာလဲ လူတိုင်း ပိုင်ဆိုင်ချင်ကြတာပဲ။ ဒီလိုချစ်သူကို ရဖို့ ကိုယ့်ဖက်က စပြီး နားလည်ပေးတတ်ဖို့၊ စာနာပေးတတ်ဖို့ လိုအပ်တယ်။ ချစ်သူတွေကြားမှာ တစ်ချို့ကိစ္စက နှစ်ဦးနှစ်ဖက် နားလည်၊ ခွင့်လွတ်မှ ပြီးပြည့်စုံသွားတတ်တယ်။ ဒါမှ စိတ်ကူးထဲက ချစ်သူနဲ့ အပြင်ကချစ်သူ တစ်ထပ်တည်းတူနိုင်မှာဖြစ်တယ်။ "မင်းကြောင့် ငါလူကောင်းတစ်ယောက် ပိုဖြစ်ချင်ခဲ့တယ်" တဲ့။ "မင်းကြောင့် ငါသူ့ကို လိမ်လိုက်တယ်" ဆိုတာမျိုး ဘယ်သူ့မှ မကြုံပါစေနဲ့လို့.... နိုင်းနိုင်းစနေ --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Wonderful_light" group. To post to this group, send email to [email protected] To unsubscribe from this group, send email to [EMAIL PROTECTED] For more options, visit this group at http://groups.google.com/group/inurmind?hl=en -~----------~----~----~----~------~----~------~--~---
