hote pa kwar mhan lite lay chin ... :D nar lal ae d yo myo lo chin tal cchar take sharr payyyyyyyyyyyyyyyyyyyyyyy ~ ~ ~
On Oct 2, 5:52 am, "bay bay" <[EMAIL PROTECTED]> wrote: > ကျွန်မမှာ အရပ် ၁၈၀ စင်တီမီတာမြင့်တဲ့ ချစ်သူတစ်ယောက်ရှိတယ်။ ရုပ်ရည်က > ကျွန်မကြိုက်တဲ့ ဂျပန်မင်းသား Kimura Takuya နဲ့ တပုံစံတည်း၊ > ဂျင်းဘောင်းဘီကြိုက်သူ၊ ကော်ဖီကြိုက်သူ ဘယ်လိုကြည့်ကြည့် မိုက်နေတာပဲ။ > ကျွန်မတို့က ကိုယ့်လွတ်လပ်မှုနဲ့ ကိုယ်နေပြီး တစ်ပတ်မှာ တစ်ခါ၊ > နှစ်ခါပဲတွေ့ကြတယ်။ ကျွန်မတို့ နှစ်ဦးစလုံး ရည်မှန်းချက် ကိုယ်စီနဲ့ > အလုပ်ကြိုးစားကြတယ်။ "As Good as It Gets" ရုပ်ရှင်ထဲက မင်းသား Jack Nicholson > က မင်းသမီး Helen Hunt ကို ချီးကျူးသလိုပေါ့။ "မင်းကြောင့် ငါလူကောင်းတစ်ယောက် > ပိုဖြစ်ချင်ခဲ့တယ်" ဆိုတဲ့အတိုင်း ကျွန်မတို့ တစ်ဦးအပေါ်တစ်ဦး နားလည်ခဲ့ကြတယ်။ > လူကောင်းတွေ ပိုဖြစ်ချင်ခဲ့ကြတယ်။ > <http://bp2.blogger.com/_yUGLDbxWFlY/Rkc2Kuk3w2I/AAAAAAAABB4/mPyPWUKGm...>ဖုန်းထဲက > ကျွန်မရဲ့ "ဟလို.." ဆိုတဲ့အသံကို ကြားရုံနဲ့ ကျွန်မ စိတ်ညစ်နေမှန်း သူသိတယ်။ > နားလည်ပေးမှုဆိုတာ ဘာလဲ ဆိုတာကို ကျွန်မ စသဘောပေါက်လာတယ်။ > > တွေ့ဆုံတိုင်း ကျွန်မရဲ့ခေါင်းကို ပွတ်သပ်ပြီး "ဟန်နီ... ဒီတစ်ပတ် လိမ္မာရဲ့လား" > ဆိုတဲ့ သူ့အမေးကြောင်း အချစ်ခံရတယ်ဆိုတာ ဘာလဲ ဆိုတာကို ကျွန်မ စသဘောပေါက်လာတယ်။ > > ဟတ်ချိုးချေတိုင်း ပါးစပ်မပိတ်တတ်တဲ့ ကျွန်မကို "ကိုယ်တို့က လင်မယားအတိုင်းပဲ > ပုံစံတူတယ်" လို့ ရီပြီးပြောတတ်တဲ့ သူ့ကြောင့် လွတ်လပ်မှုဆိုတာ ဘာလဲဆိုတာကို > ကျွန်မ စသဘောပေါက်လာတယ်။ > > "ကိုယ်လုပ်လိုက်မယ်" ဆိုတဲ့ သူ့ရဲ့ ဦးဆောင်ချင်မှုကြောင့် ဘယ်လိုဆုံးဖြတ်ချက် > ချရင်ကောင်းမလဲ ဆိုတဲ့ ဦးနှောက်စားတဲ့ ကိစ္စတွေကို ကျွန်မတွေးတောစရာ > မလိုတော့ဘူး။ > > "ဆောရီးနော်" ဆိုပြီး သူ့အပြစ်တွေအတွက် ပွေ့ဖက်လာတတ်တဲ့ သူ့ကြောင့် > ကျွန်မဆိုးချင်တိုင်း ဆိုးခွင့်ရခဲ့တယ်။ > > ညအိပ်ရာမ၀င်ခင် ဖုန်းဆက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ဖို့ နှုတ်ဆက်တတ်တဲ့ > သူ့ကြောင့် ညအမှောင် ရောက်လာမှာကို ကျွန်မ မကြောက်တော့ဘူး။ > > "မကြောက်နဲ့.. ဟန်နီ့အနားမှာ ကိုယ်အမြဲရှိတယ်" ဆိုတဲ့ သူ့ရဲ့ အားပေးစကားကြောင့် > ဘ၀ကိုရင်ဆိုင်ဖို့ ကျွန်မ ယုံကြည်မှုတွေ ပိုခဲ့တယ်။ > > ပြီးတော့ ကျွန်မနဲ့အတူ ရှော့ပင်းထွက်တိုင်း မောတယ်၊ ပန်းတယ်လို့ ဘယ်တော့မှ > မညည်းဘူး။ အင်္ကျီတွေယူပြီး ဘယ်တစ်ထည်လှသလဲလို့ မေးလိုက်တိုင်း ကျွန်မကို > သေချာကြည့်ပြီး "ဟန်နီ ဘာဝတ်ဝတ် လှတယ်" တဲ့လေ။ > > ဆူညံနေတဲ့ ကော်ဖီဆိုင်မှာ ကျွန်မနဲ့အတူထိုင်ပြီး အိုင်စတိုင်းအကြောင်း > ပြောတတ်သလို စည်းကမ်းကြီးတဲ့ ကျွန်မမေမေကို သူ့စိတ်ထဲက ကြောက်နေပေမဲ့ > မေမေနဲ့အတူ စကားတွေ ပြောတတ်တယ်။ > > ကျွန်မ ဘေးမှာ သူ မရှိတဲ့အချိန် ကျွန်မကိုယ်ကျွန်မ ရပ်တည်နိုင်တယ်ဆိုတာ > သူသိတယ်။ ၂၄ နာရီရဲ့ စက္ကန့်တိုင်းမှာ သူ့ကို ကျွန်မ လွမ်းနေတယ်ဆိုတာ > သူသိတယ်။ ကျွန်မရဲ့ > အချစ်ကို သူတန်ဖိုးထားသလို ကျွန်မရဲ့ အားနည်းချက်တွေကို သူချစ်သတဲ့။ သူ့ရဲ့ > အကြင်နာ၊ အယုယတွေက ကျွန်မအတွက်ပဲလေ.... > > အော်..... ပြောဖို့ မေ့နေလိုက်တာ ကျွန်မရဲ့ ချစ်သူနာမည်က "စိတ်ကူး" တဲ့။ > > ၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ > > ဒီစာကို ဖတ်နေရင်း စာထဲက ကောင်မလေးကို အားကျမိတယ်။ စာကို ပြုံးရင်းဖတ်မိသလို > ဖတ်နေရင်းလဲ ကြည်နူးမိတယ်။ ဒါပေမဲ့ အောက်ဆုံးစာကြောင်းကိုလဲ ဖတ်မိရော့... > "အင်း.. ဒီလိုပဲဖြစ်ရမယ်" ဒါမှမဟုတ် "ဟင်း.. အဲဒီလိုကြီးလား" လို့ ခံစားမိပြီး > ဖတ်လေသမျှ သဲရေကျမိမလား...? > > ဒီစာကို မိန်းကလေးဖက်က မဟုတ်ဘဲ ယောက်ျားလေးဖက်ကနေ ခံစားရေးဖွဲ့ပြီး အဆုံးသတ် > စကားလုံးချင်း တူညီခဲ့ရင် "အင်း.. ဒီလိုပဲ ဖြစ်ရမယ်" လို့ တွေးမိကြမလား? > > လူတိုင်းရဲ့ စိတ်ကူးထဲက ချစ်သူက ခြောက်ပစ်ကင်းတွေပါ။ ကိုယ့်အပေါ် > နားလည်စာနာပေးသူ၊ သနားကြင်နာတတ်သူ၊ မလိမ်မညာ ကိုယ်ချင်းစာတတ်တဲ့ ချစ်သူကို > အပြင်မှာလဲ လူတိုင်း ပိုင်ဆိုင်ချင်ကြတာပဲ။ ဒီလိုချစ်သူကို ရဖို့ ကိုယ့်ဖက်က > စပြီး နားလည်ပေးတတ်ဖို့၊ စာနာပေးတတ်ဖို့ လိုအပ်တယ်။ ချစ်သူတွေကြားမှာ > တစ်ချို့ကိစ္စက နှစ်ဦးနှစ်ဖက် နားလည်၊ ခွင့်လွတ်မှ ပြီးပြည့်စုံသွားတတ်တယ်။ ဒါမှ > စိတ်ကူးထဲက ချစ်သူနဲ့ အပြင်ကချစ်သူ တစ်ထပ်တည်းတူနိုင်မှာဖြစ်တယ်။ > > "မင်းကြောင့် ငါလူကောင်းတစ်ယောက် ပိုဖြစ်ချင်ခဲ့တယ်" တဲ့။ "မင်းကြောင့် > ငါသူ့ကို လိမ်လိုက်တယ်" ဆိုတာမျိုး ဘယ်သူ့မှ မကြုံပါစေနဲ့လို့.... > > နိုင်းနိုင်းစနေ --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Wonderful_light" group. To post to this group, send email to [email protected] To unsubscribe from this group, send email to [EMAIL PROTECTED] For more options, visit this group at http://groups.google.com/group/inurmind?hl=en -~----------~----~----~----~------~----~------~--~---
